January 24th, 2009

မေ့ကွက်ကိုရှာ
မာမာအေး
ဇန်နဝါရီ ၁၁၊ ၂၀၀၉
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ၊ မာအေးလည်း ဟိုသွားဒီသွား ခရီးကြားမှာမို့ ရေဒီယိုနား မကပ်နိုင်တာကြာပြီ။ အိမ်ပြန်ရောက်တော့ မာအေးတို့ ဘီဘီစီ ပရိသတ်ထဲက အမကြီးတယောက် အသံသွင်းထားခဲ့တဲ့ တယ်လီဖုန်းသတင်း အရင်ဖွင့်ဖြစ်ခဲ့ပါတယ်။ ‘မာအေးရေ - ကျေးတမာကဏ္ဍမှာ မေ့ကွက်ကိုရှာအကြောင်း မေးထားတာ ကြားလိုက်တယ်။ ခရီးသွားမှန်းသိလို့ပြန်ဖွင့်ကြည့်ဖြစ်အောင် သတိပေးတာပါ – ဘိုင်းဘိုင်း’ တဲ့၊ ကျေးဇူးပါပဲရှင်၊ ခုတော့ နားထောင်လိုက်ပါပြီ။
Read the rest of this entry »
Posted in ပင်တိုင်ကဏ္ဍ, မာမာအေး | 1 Comment »
January 24th, 2009

ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ
ထိန်လင်း
ဇန်နဝါရီ ၁၁၊ ၂၀၀၉
စာပေအနုပညာဆိုတာ လူတွေရဲ့စိတ်နှလုံးကို တစုံတရာ ခံစားစေဖို့ ဖျော်ဖြေတင်ဆက်မှု သက်သက် မဟုတ်ဘဲ သက်ဆိုင်ရာ ခေတ်စနစ်တွေကို အထိုက်အလျောက် ထင်ဟပ်စေနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ခေတ်ရဲ့ အငွေ့အသက်တွေကို အနုပညာသည်တွေရဲ့ ဖန်တီးမှုတွေမှာ တွေ့မြင်နိုင်သလို ခေတ်ကို လှုပ်နှိုးတဲ့သဘောတွေ၊ ခေတ်ကို ရှေ့ဆောင်တဲ့သဘောတွေလည်း ရှိပါတယ်။ အထူးသဖြင့် ဖန်တီးထားတဲ့ အနုပညာတွေက လူတွေအပေါ် လွှမ်းမိုးတဲ့သဘော၊ အငွေ့အသက် ကပ်ငြိတဲ့သဘောတွေ ရှိတတ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ စကား၊ သီချင်းထဲက စာသားတချို့က လူတွေနေ့စဉ်ပြောနေတဲ့ စကားရပ်ထဲ ဝင်ရောက်သွားတာ ဒီသဘောတွေပါပဲ။ ဒီလိုပဲ စာပေရဲ့ အငွေ့အသက်တွေကလည်း ခေတ်ကို လွှမ်းမိုးရှေ့ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။
Read the rest of this entry »
Posted in မှတ်စုမှတ်တမ်း, သမိုင်းနဲ့အစဉ်အလာ | No Comments »
January 24th, 2009

ဘန်ကောက်တွင် ယနေ့တွေ့ရသော မစ္စတာဟော်တာ (photo: Reuters)
DPA သတင်းဌာန
ဇန်နဝါရီ ၁၁၊ ၂၀၀၉
အနာဂတ်တွင်ရွေးကောက်ခံရမည့် အစိုးရ တည်ငြိမ်ရေးအတွက် အနောက်နိုင်ငံတို့၏ မြန်မာပြည်အားစီးပွားရေးပိတ်ဆို့သည့်မူဝါဒကို ပြန်လည်သုံးသပ်ရန် အရှေ့တီမော သမ္မတက ယနေ့ပြောကြားလိုက်သည်။
“ဒီအချက်နဲ့ပတ်သက်ပြီး ကျနော်တို့ လက်တွေ့မကျဘူး ဆိုရင် မြန်မာပြည်အတွက် ပြေလည်စရာနည်းလမ်းက ခုလည်း ရှိမှာမဟုတ်ဘူး၊ နောင်လည်း ရှိမှာမဟုတ်ဘူး” ဟု သမ္မတ ဟော်တာက ဘန်ကောက်တွင်ရောက်ရှိစဉ် ပြောလိုက်သည်။
Read the rest of this entry »
Posted in မျက်မှောက်ရေးရာ, သတင်းဖတ်စာ | No Comments »