မြန်မာများ၏ လှုပ်ရှားမှု - ရှီကာဂို အိုလံပစ် ၂၀၁၆


ရှီကာဂို ကွင်းပိုင် ဘိုးဘိုး

အိုလံပစ် ၂၀၀၈ ပွဲကို တရုတ်နိုင်ငံ ပီကင်းမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ အိုလံပစ်ပွဲတော်တွေကို ၄ နှစ် တစ်ကြိမ်ကျင်းပ တာဖြစ်တော့ ၂၀၁၂ မှာ နောက်တစ်ကြိမ်နဲ့ ၂၀၁၆ မှာ တစ်ကြိမ်စသဖြင့် ကျင်းပကြမှာပါ။ အိုလံပစ် ပွဲ ဆိုတာက လည်း တကမ္ဘာလုံးနဲ့ သက်ဆိုင်လေတော့ ပြင်ဆင်မှုတွေ အများကြီးလိုအပ်သလို၊ အစောကြီး ကြိုတင်ပြီးလုပ်ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ တော့ လန်ဒန်မြို့ မှာ ကျင်းပမှာပါ။ ၂၀၁၆ ပွဲ ကိုကျင်းပခွင့်ရဖို့ အတွက် နောက်ဆုံး အဆင့် ယှဉ်ပြိုင်ခွင့်ရမြို့တွေက တော့ စပိန်နိုင်ငံ မတ်ဒရစ်မြို့၊ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့ နဲ့ အမေရိကန်နိုင်ငံ ရှီကာဂိုမြို့ တွေပဲ ဖြစ်ပါတယ်။

ရှီကာဂိုမြို့ မှာ လုပ်ဖို့ ဆိုပေမယ့် ပံ့ပိုးကူညီမယ့် နေရာတွေက အီလီနွိုင်း၊ အင်ဒီယားနား၊ ၀စ္စကွန်ဆင် စတဲ့ အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ ရှိတဲ့ မြို့တွေ နဲ့ ကျေးရွာတွေပါ။

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကောင်စီ (IOC) က ယခုနှစ် ဧပြီလ ၂ ရက်နေ့မှာ စစ်ဆေးတဲ့ အဖွဲ့လာရောက်မှာပါ။ အဲဒီတော့ လှုပ်ရှားမှုတွေလဲ စ နေကြပြီပေါ့။ မြန်မာတွေ လည်းပါပါတယ်။ အမေရိကန်နိုင်ငံ ကို ရွှေ့ပြောင်းလာတဲ့ မြန်မာတွေထဲမှာ အနောက်အလယ်ပိုင်း ပြည်နယ် တွေမှာ အခြေချနေတဲ့ မြန်မာတွေ အများအပြားပါ။ အဲဒီတော့ မြန်မာတွေက လည်း ကိုယ်နေထိုင်တဲ့ နေရာ အတွက်လုပ်ပေးရမှာပေါ့။

လှုပ်ရှားမှုတွေမှာ BBA (မြန်မာဗုဒ္ဓဘာသာအသင်း) က ဦးဆောင်တယ် ဆိုပေမယ့် ဘာသာရေးလှုပ်ရှားမှု မဟုတ်ပါဘူး။ လူမှုရေးဆိုတော့ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင် စတဲ့ တခြားဘာသာ ကိုးကွယ်သူတွေ ရော ကရင်၊ ကချင်၊ ချင်း၊ ရခိုင် စတဲ့ လူမျိုးစုတွေရော၊ မြန်မာနိုင်ငံဖွား တရုတ်၊ ကုလား စတဲ့ အဖွဲ့တွေရော တက်တက်ကြွကြွပါပဲ။

ပံ့ပိုးမှု ပွဲကိုတော့ မတ်လ ၂၁ ရက် နေ့ ညနေ ၆ နာရီ က ၈ နာရီ အထိ ရှီကာဂို က လိန်း နည်းပညာ အထက်တန်းကျောင်း မှာ ရှိတဲ့ လူ ၂၁၀၀ ဆန့် ကဇာတ်ရုံမှာ ပြုလုပ်မှာပါ။ ဖျော်ဖြေမှု ကဏ္ဍ မှာ မြန်မာ့ရိုးရာ အက နဲ့ တင်ဆက်မှာ ဖြစ်ပြီး ပြင်ဆင်မှု ကို တော့ မတ်လ ၁၅ ရက်နေ့ က အကြို ပွဲ အနေနဲ့ အဲဒီ အထက်တန်းကျောင်းမှာ ပဲ လုပ်ခဲ့ပြီးပါပြီ။ မြန်မာကလေး ၃ ဦးရဲ့ လက်ရာ အပါအဝင် အာရှနွယ်ဖွား ကလေးငယ်တွေရဲ့ ပန်းချီလက်ကားတွေကို မတ်လ ၂၁ ရက်နေ့ပွဲ နဲ့ နောက်ပိုင်းမှာ ရှီကာဂိုမြို့ ရဲ့ လမ်းဆုံလမ်းခွတွေမှာ ချိတ်ဆွဲထားပြီး ဧပြီလ ၂ ရက်နေ့ IOC က လူကြီးတွေ လာရင် မြင်နိုင်စေမှာပါ။

မတ်လ ၂၁ ရက်နေ့ပွဲမှာ လည်း ရှီကာဂိုမြို့တော်ဝန် နှင့် တကွ အစိုးရအရာရှိတွေ အာရှနိုင်ငံများ က သံတမန်များ ကို လည်း ဖိတ်ကြားထားပါတယ်။ ကိုယ် နေတဲ့ မြို့ရွာ အတွက် တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ လုပ်ပေးခွင့်ရတာကို က ပျော်စရာတခုပါပဲ။


အကြို ဇာတ်တိုက် နေပုံ

2 Responses to “မြန်မာများ၏ လှုပ်ရှားမှု - ရှီကာဂို အိုလံပစ် ၂၀၁၆”

  1. olumikini Says:

    olumikini…

    Download mp3 with Blue Dreams featuring Jane Henley

  2. JOHNNY Says:


    Pillspot.org. Canadian Health&Care.Special Internet Prices.Best quality drugs.No prescription online pharmacy. No prescription pills. Buy drugs online

    Buy:Nexium.Arimidex.Retin-A.Human Growth Hormone.Mega Hoodia.Zovirax.Accutane.Petcam (Metacam) Oral Suspension.Synthroid.Valtrex.Prevacid.100% Pure Okinawan Coral Calcium.Lumigan.Prednisolone.Zyban.Actos….

Leave a Reply

You must be logged in to post a comment.


echo '';