ခရစ်စမတ်သစ်ပင်စားသော ဂျာမဏီရောက် မြန်မာ့ဆင်
Tuesday, December 30th, 2008သတင်းဓာတ်ပုံ
ဒီဇင်ဘာ ၃၁၊ ၂၀၀၈
ခရစ်စမတ်သစ်ပင်ကို စားသောက်နေသော မြန်မာပြည်ဖွား ဆင်မကြီး သီဟဖြူ (Thi Ha Phyu) နှင့် သားငယ် မင်းဂျွန် (Ming Jung / My Boy) တို့ကို ယမန်နေ့က တွေ့ရပုံ။ ဆင်မကြီးမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ဆင်ပေါက်လေးမှာ ၁ နှစ်ခွဲ ဖြစ်သည်။ ဆင်များကို ခရစ်စမတ်သစ်ပင်များ ကျွေးလျက်ရှိကြောင်း ၎င်းတို့ရောက်ရှိနေသည့် ဂျာမဏီနိုင်ငံ၊ ကိုလုံးမြို့ တိရိစ္ဆာန်ဥယျာဉ် ညွှန်ကြားရေးမှူးက ရှင်းပြသည်။ ဆင်တကောင်လျှင် ခရစ်စမတ် ထင်းရှူးပင် သုံးပင် နေ့စဉ် စားသုံးကြောင်း၊ ထင်းရှူးပင်ကို စားခြင်းဖြင့် ဆင်တို့၏သွားများ သန့်ရှင်းစင်ကြယ်စေကြောင်း သိရသည်။ (photo: Reuters)

