၂၀၁ဝ အမေရိကန်သန်းခေါင်စာရင်းတွင် မြန်မာတို့စာရင်းပေါက်ရေး ဝိုင်းဝန်းကြရန် ဒုတိယအကြိမ် ဆွေးနွေး
Sunday, November 30th, 2008မိုးမခ အထောက်တော် ဝ၀၂
နိုဝင်ဘာ ၃၀၊ ၂၀၀၈
နိုဝင်ဘာ ၂၃ ရက်နေ့က ဆန်ဖရန်ဘေးဧရိယာဒေသ ဒေးလီးစီးတီး ဂျက်ဖာဆန် အထက်တန်းကျောင်း ထေရဝါရဓမ္မသင်တန်းခန်းမမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာမိသားစုတို့ စုဝေးကြပြီး ၂၀၁ဝ အမေရိကန်သန်းခေါင်စာရင်း ကောက်ခံမည့်အရေးကို ဒုတိယအကြိမ် ဆွေးနွေးကြတယ်လို့ သိရပါတယ်။
တစထက် တစ မြန်မာအမျိုးသားတို့ စိတ်ဝင်စားလာသည်နှင့်အမျှ ဘေးဧရိယာတဝှမ်းရှိ မြန်မာများထူထောင်ထားတဲ့ ဘာသာရေး၊ လူမှုရေး၊ သာရေး နာရေး အသင်းအဖွဲ့များ အဖွဲ့အစည်းများနဲ့ ဦးဆောင်သူတွေ အားလုံးကိုပါ ဖိတ်ခေါ်ပြီး ၂၀၁ဝ အမေရိကန်သန်းခေါင်စာရင်းတွင် မြန်မာစာရင်းပေါက်ရေး ရှင်းလင်းတင်ပြကြရန်၊ မြန်မာပြည်ဖွားနှင့် မြန်မာမျိုးနွယ်တို့အားလုံးကိုလည်း အစည်းအရုံးများ၊ ဘာသာရေးစုဝေးရာနေရာများနဲ့ အဆင်ပြေသည့် အချိန်နေရာများမှာ အများသိရှိနိုင်ရန် ရှင်းလင်းကြဖို့ တဆင့်ပြီး တဆင့် လိုအပ်တဲ့အကြောင်း တိုင်ပင်ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးတက်ရောက်သူ မြန်မာလူငယ်တဦးက -
(more…)

