Archive for the ‘သောင်းပြောင်းထွေလာ’ Category

ဒီဇင်ဘာ စာကိုး၊ စကားကိုး

Saturday, January 3rd, 2009

ဇန်နဝါရီ ၁၊ ၂၀၀၉

“ဒုတိယနှစ်မှာပဲ ကျွန်မတို့တွေ လူ့ခန္ဓာကိုယ်အကြောင်း၊ လူရိုးစုတွေအကြောင်း သင်ရတယ်လေ။ အဲဒီ လူရိုးတွေအကြောင်း သင်ရပြီဆိုရင် ကျောင်းသူကျောင်းသားတွေမှာ ကိုယ်ပိုင်ကိုင်စရာ အရိုးစုတစ်စုံတော့ အပိုင်ရှိကြရပါတယ်။ ဒါမှ ဘယ်အရိုးကဘာ ဆိုတာ အလွတ်ကျက်မှတ်ရ လွယ်မှာကိုး။ အဲဒီမှာခက်တာက ရန်ကုန်က ဆေးကျောင်းသူဆေးကျောင်းသားတွေဟာ လူ့အရိုးစုတွေကို လွယ်လွယ်နဲ့ဝယ်လို့မရကြဘူး။ ရှားတယ်ခေါ်ရမလားပဲ။ မန္တလေးမှာကျတော့ ဝယ်ရတာ လွယ်တယ်လေ။ ဆေးကျောင်းက ကျောင်းသားတွေ ခွဲစိတ်လေ့ကျင့်ပြီးသား လူ့ခန္ဓာကိုယ် အပိုင်းအစတွေကို အလုပ်သမားတွေက အရိုးတွေခွာ၊ ရေဆေး၊ နေပူလှန်းပြီး ဆေးကျောင်းသားတွေကို ပြန်ရောင်းကြတာ။ မန္တလေးမှာက ခန္ဓာကိုယ် လှူတဲ့လူတွေလည်း ပေါတော့ အရိုးတွေလည်း ပေါတယ် ပြောပါတော့လေ။ ဒါကြောင့် ဒုတိယနှစ်မှာ ရန်ကုန်ပြောင်းမယ့်သူတွေ ပထမနှစ်ကုန်လောက်မှာ အရိုးတွေ ဝယ်ထားကြတယ်။ ကျွန်မလည်း အဲဒီတုန်းက တစ်စုံဝယ်ထားဖြစ်လိုက်လို့ ရန်ကုန်ရောက်တော့ လူတိုင်း အရိုးမကိုင်နိုင်တဲ့ အချိန်မှာ ကျွန်မကဆရာကြီးဖြစ်လို့လေ”
ယုဝရီ၊ ဘလော်ဂါ
http://privatecrazyworld.blogspot.com ဒီဇင်ဘာ ၁၇

“တက္ကသိုလ်ဆိုတာ ဘွဲ့တွေချည်းပဲ ပေးလိုက်တဲ့နေရာ မဟုတ်ဘူး။ ဒါပေမယ့် တော်တော်များများက ဒါကိုပဲ တခုတ်တရ ယူခဲ့ကြတယ်”
မနော်ဟရီ၊ ဘလော်ဂါ၊ စာရေးဆရာမ
http://manorhary.blogspot.com ဒီဇင်ဘာ ၁၆

“အဖမ်းခံထားရတာ (၂၇) ဦးကနေ (၃၅) ဦး အထိ ရှိနေပါတယ်၊ ထောင်ဒဏ် ချမှတ်ခံရသူတွေကတော့ အမြင့်ဆုံးပြစ်ဒဏ်က တကျွန်း … ရှိပါတယ်၊ သူတို့ ဖမ်းဆီးခံရတဲ့အခါကျတော့ … ဖောက်ခွဲရေးပုဒ်မတွေနဲ့ အဖမ်းခံရတယ်”
စောဗန်ကူး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)
http://yoma3.org ဒီဇင်ဘာ ၁၂

“စီးရီး သွင်းဖို့ ၂၀၀၈ ဇန်နဝါရီမှာ ငွေဆောင် ကမ်းခြေက Bay of Bengal Resort ကို သွားကြတယ်။ … နေရာပြောင်းရင် ခံစားမှုပြောင်းတယ်။ မျှော်စင်ကျွန်းမှာ ဆိုရတာနဲ့ သုဝဏ္ဏကွင်းမှာ ဆိုရတာ မတူဘူး။ Strand ဟိုတယ်မှာ ဆိုရတာ မတူဘူး။ ဒီတစ်ခေါက်ကျ ပိုကောင်းတယ်။ မှန်အပြည့် ကာထားတာမှ မှန်ရဲ့အပြင်မှာ သဲသောင်၊ သဲသောင်ပြီးတာနဲ့ ပင်လယ်ပဲ ရှိတော့တယ်။ အရမ်းမိုက်တယ်”
လေးဖြူ၊ အဆိုတော်
www.shweamyutay.com ဒီဇင်ဘာ ၂၄

“ဗမာဘုရင်ခေတ်က စီးပွားရေးကို လွတ်လပ်စွာ၊ ဈေးကွက်ဆန်ဆန် လုပ်ခွင့်မရခဲ့ပါဘူး။ ဆန်စပါးစိုက်တယ်ဆိုတာ ကလဲဝမ်းစာစပါးနဲ့ ဘုရင့်အခွန်အတုပ် ပေးဖို့လောက်သာ စိုက်ပျိုးကြတယ် ဆိုပါတယ်( အခုခေတ် အခေါ်အရတော့ တာဝန်ကျေ စပါးလိုမျိုး ဖြစ်မယ်ထင်ပါတယ်)။ ဗြိတိသျှလက်ကျရောက်သွားချိန်မှာတော့ လူမှုရေး၊ စီးပွားရေး၊ နဲ့ အုပ်ချုပ်မှု ပုံစံပါ လုံးဝ ပြောင်းသွားခဲ့ပါတယ်။ ဗမာဘုရင်ခေတ်က အထက်က တင်းကျပ်ထိန်းချုပ်မှုတွေကိုလည်း လျော့ပေါ့ပစ်ခဲ့တယ် ဆိုပါတယ်။ စီးပွားရေး လုပ်ပိုင်ခွင့် ဥပဒေတွေကိုလဲ ပြင်ဆင်ပေးခဲ့ပါတယ်။ ပြင်ဆင်ပေးခဲ့တယ်ဆိုရာမှာလဲ ကိုလိုနီစီးပွားရေးစီမံကိန်းနဲ ့ဝင်လာတဲ့ ဥရောပသားတွေ (အထူးသဖြင့် ဗြိတိသျှနဲ့ စကော့တလန်ကုန်သည်ကြီးတွေ) နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လူမျိုးခြား ကုန်သည်ကြီးတွေအတွက်ပါပဲ”
မောင်ရင်၊ ဘလော်ဂါ
http://maungyin.blogspot.com ဒီဇင်ဘာ ၂၉

“အဖွဲ့ချုပ်ကြီးဟာ လျှောက်လှမ်းခဲ့ရတဲ့ အနှစ် (၂၀) ခရီးဟာ အင်မတန်မှ ခက်ခဲ ကြမ်းတမ်းတဲ့ လမ်းကို ဖြတ်ကျော်လာခဲ့ရတယ်ဆိုတာကိုလည်း တွေ ့ရမှာဖြစ်တယ်။ ညအခါမှာ ဘယ်အချိန် တံခါး လာခေါက်မလဲ ဆိုတဲ့ ဘဝတွေကို ဖြတ်သန်းပြီးတော့ကာ မိသားစုတွေရဲ့ မျက်ရည်၊ သွေးတွေ၊ ချွေးတွေနဲ့ လျှောက်လှမ်းခဲ့ရတယ်” ဦးခင်မောင်ဆွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး
http://khitpyaing.org ဒီဇင်ဘာ ၃၁

“(အဖွဲ့ချုပ်ရဲ့) အနေအထားကို ကြည့်မယ်ဆိုရင် အားလုံး သိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ် အနည်းငယ်ဆိုရင် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်”
ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး
http://khitpyaing.org ဒီဇင်ဘာ ၁၈

“အခြေအနေမဲ့ ကလေးတွေကို ကျွန်တော် စောင့်ရှောက်ပေးတာက ကိုယ်ချင်းစာစိတ်ကြောင့်ပါ။ ကျွန်တော် ငယ်ငယ်တုန်းက နေရတာ ဆင်းရဲခဲ့တယ်။”
ကိုညိုဝင်း၊ မန္တလေးမှ လုပ်ငန်းရှင်တဦး
မော်ဒန်သတင်းဂျာနယ်၊ ဒီဇင်ဘာ ၁၉

ကျော်ဝင်ပြီးမှ ကြည့်လို့ရတဲ့ ဝက်ဆိုက်တွေကို (RSS) အာရ်အက်စ်အက်စ်နဲ့ ကြည့်ရအောင်

Thursday, January 1st, 2009

တင့်လွင်

ဒီဇင်ဘာ ၃၁၊ ၂၀၀၈

နေ့စဉ်လိုလို ဝင်ကြည့်နေတဲ့ သတင်းဝက်ဆိုက်တွေကို နေ့စဉ် (Proxy) ပရောက်စီနဲ့ ကျော်နေရတဲ့ ဒုက္ခ၊ လိုင်းနှေးးရင် သတင်းခေါင်းစဉ်တခုမှ တခု၊ (web page) ဝက်ပေ့ချ် တခုမှတခု ပြောင်းရင်းနဲ့ စိတ်မရှည်နိုင်တော့ပဲ ရပ်လိုက်ရတဲ့ ဒုက္ခတွေက လွတ်ကင်းတဲ့ နည်းတနည်းရှိပါတယ်။ အချိန်ကုန်လည်းသက်သာပြီး နာရီပိုင်းအလိုက် ထပ်မံဖြည့်စွက်တဲ့ သတင်းတွေကိုလည်း ခေါင်းစဉ်နဲ့ အကျဉ်းချုပ် အလိုအလျောက် ထပ်ထပ်ပြီး ဖြည့် စွက်ပေးသွားတဲ့ အတွက် အလုပ်မရှုပ်တော့ပါဘူး။
(more…)

Tuesday, December 30th, 2008

The Generation Waves – Free Burma Poster
December 29th, 2008


echo '';