Archive for the ‘အမှတ်တရများ’ Category

လွမ်းဖွယ့် မိတ်ဆွေများ

Saturday, January 24th, 2009

(ပန်းချီ စံတိုး - ၁၉၄၁ - ၂ဝဝ၂)

ဦးဖေငယ်

ဇန်နဝါရီ ၁၂၊ ၂၀၀၉

ဒီနေ့ (တနင်္ဂနွေ) ။ ဆရာ စံတိုးက ဆရာဝန်များ အသင်းတိုက်မှာ … မှာ ညနေ ၃ နာရီ ပန်းချီကား ယူလာပြီး စောင့်နေမယ်လို့ ချိန်းထားတယ်။ မပျက်မကွက် ဆက်ဆက် လာခဲ့ပါ။ သူ့အတွက် ပန်းချီအပ်ဖို့ ရှိရင်လည်း ယူလာခဲ့ပါတဲ့ …

သင့်

မောင်ခေတ်ထွန်း

၈/ ၈/ ၉၉

၁၂:၃ဝ နာရီ
(more…)

စာရေးဆရာမကြီး ခင်မျိုးချစ် (၁၉၁၅ - ၁၉၉၉)

Monday, January 12th, 2009

ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့် အထိမ်းအမှတ်

အမှတ်တရစကားများ စုစည်းချက်

မိုးမခ

ဇန်နဝါရီ ၇၊ ၂၀၀၉

ဦးဝင်းတင် အမှတ်တရ စကား
အမကြီးကွယ်လွန်တာ ၁ဝ နှစ် ရှိပြီ ဆိုပေမဲ့ ကျနော့်အဖို့တော့ ကွယ်လွန်တယ်ဆိုတာကို မဟုတ်သလိုဘဲ။ ကျနော်စိတ်ထဲမှာ အမကြီး သက်ရှိထင်ရှား ရှိနေတုန်းလိုပါပဲ။ အမကြီးသာ မဟုတ်ဘူး။ ဆရာဦးခင်မောင်လတ်လည်း သက်ရှိထင်ရှားရှိတုန်းပဲလို့ ကျနော်ခံစား ထင်မြင်နေတုန်းပဲဗျာ။

အဲဒီလို ထင်မြင်နေမိတဲ့ အကြောင်း ရှိတယ်။

ကျနော် အမကြီးတို့ ဆရာဦးခင်မောင်လတ်တို့ မိသားစုနဲ့ နောက်ဆုံး တွေ့ခဲ့ရတာ ၁၉၈၈ ဩဂုတ်လ ၈ လေးလုံး အရေးတော်ပုံကာလတုန်းကပါ။ မဆလ တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို ရိုက်ချိုး ဖြိုဖျက်ဖို့ လူထုအုံကြွမှုကြီး ပေါ်ထွက်လာတဲ့ အချိန်ကာလပေါ့။
(more…)

၂၀၀၈ နာဂစ်အလွန် ငါတို့အားလုံးရဲ့ မျက်နှာများ

Saturday, January 3rd, 2009


မိုးမခ အထောက်တော် (ရန်ကုန်)
ဒီဇင်ဘာ ၃၁၊ ၂၀၀၈

၂၀၀၈ မေလ ၁၅၊ လပွတ်တာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတုန်း စစ်တပ်က ဒုက္ခသည်စခန်းသို့ မရွေ့ခင် သူတို့တွေရဲ့ မျက်နှာတွေ၊ ၂၀၀၉ သို့အဝင်မှာ တင်ဆက်လိုက်ပါတယ်။ “ဘာလဲ … ဟက်ပီး နယူးယီးယား … သူတို့တွေကို ဘယ်မှာရှာပြီး အဲဒီ ဆုမွန်ကောင်း သွားတောင်းပေးရမှာလဲ …”
(more…)


echo '';