Archive for the ‘သမိုင်းနဲ့အစဉ်အလာ’ Category

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - အပိုင်း ၄

Saturday, January 24th, 2009

မှတ်စုမှတ်တမ်း
ဇန်နဝါရီ ၁၁၊ ၂၀၀၉

ဘီအေအောင်ပြီးနောက်

ပါပါ့ အစ်မကြီးရှိရာ ပခုက္ကူမြို့ကို မြင်းခြံမှ တဆင့် ပါပါ ရောက်ရှိပါတယ်။ ရန်ကုန်မှ မြင်းခြံသို့ မီးရထားနှင့် သွားပြီး၊ မြင်းခြံမှ ပခုက္ကူသို့ မီးသင်္ဘောနှင့် သွားရပါတယ်။ ပခုက္ကူကို နံနက်ပိုင်းမှာ ရောက်ရှိပါတယ်။ ပါပါ ဘယ်နေ့ရောက်မယ်ဆိုတာ ပါပါ့အစ်မကြီး ကြိုတင်မသိလို့ ပါပါ့ကို လာမကြိုပါ။ ပါပါလည်း အစ်မကြီး နေထိုင်ရာ အောင်သကန် ရပ်ကွက်သို့ မြင်းလှည်းစီးပြီး သွားပါတယ်။ ပါပါ့ အစ်မကြီး နေသော အိမ်ကို မေးမြန်းပြီးရောက်သွားတော့ ပါပါ့ အစ်မကြီးကို မတွေ့ပါ။ အချိန်က နံနက်၉ နာရီထိုး ပြီးဖြစ်ပါတယ်။ ပါပါ့အစ်မကြီးက နံနက် ၈ နာရီအချိန်မှာ မြို့ထဲသွားပြီး အလုပ်ဆင်းရပါတယ်။ နေ့လည် အိမ်ပြန်ရောက်မှပဲ ပါပါ တွေ့ရပါတယ်။
(more…)

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၁)

Saturday, January 24th, 2009

ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ
ထိန်လင်း
ဇန်နဝါရီ ၁၁၊ ၂၀၀၉

စာပေအနုပညာဆိုတာ လူတွေရဲ့စိတ်နှလုံးကို တစုံတရာ ခံစားစေဖို့ ဖျော်ဖြေတင်ဆက်မှု သက်သက် မဟုတ်ဘဲ သက်ဆိုင်ရာ ခေတ်စနစ်တွေကို အထိုက်အလျောက် ထင်ဟပ်စေနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ခေတ်ရဲ့ အငွေ့အသက်တွေကို အနုပညာသည်တွေရဲ့ ဖန်တီးမှုတွေမှာ တွေ့မြင်နိုင်သလို ခေတ်ကို လှုပ်နှိုးတဲ့သဘောတွေ၊ ခေတ်ကို ရှေ့ဆောင်တဲ့သဘောတွေလည်း ရှိပါတယ်။ အထူးသဖြင့် ဖန်တီးထားတဲ့ အနုပညာတွေက လူတွေအပေါ် လွှမ်းမိုးတဲ့သဘော၊ အငွေ့အသက် ကပ်ငြိတဲ့သဘောတွေ ရှိတတ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ စကား၊ သီချင်းထဲက စာသားတချို့က လူတွေနေ့စဉ်ပြောနေတဲ့ စကားရပ်ထဲ ဝင်ရောက်သွားတာ ဒီသဘောတွေပါပဲ။ ဒီလိုပဲ စာပေရဲ့ အငွေ့အသက်တွေကလည်း ခေတ်ကို လွှမ်းမိုးရှေ့ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။
(more…)

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - အပိုင်း ၃

Saturday, January 24th, 2009

မှတ်စုမှတ်တမ်း
ဇန်နဝါရီ ၁၁၊ ၂၀၀၈

ကောလိပ်မှာနေစဉ်

၁၉၃၃ ခု၊ ဧပြီလမှာ ဆယ်တန်းစာမေးပွဲအောင်စာရင်း ထွက်လာပါတယ်။ ပါပါ အောင်ပါတယ်။ ပါပါ့ သူငယ်ချင်း ဦးဝီ(လ)ဆင်သိန်းလည်း အောင်ပါတယ်။ ဦးဝီ(လ)ဆင်သိန်းကို သူ့မိဘများက ကောလိပ် ဆက်ထားမမှာဖြစ်လို့ ရန်ကုန်မြို့၊ ဂျပ်ဆင်ကောလိပ်ကို သူက ကောလိပ်ဝင်ခွင့်လျှောက်လွှာ လှမ်းရေးတောင်းတယ်။

ပါပါတို့ခေတ်တုန်းက ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရအထိသင်တဲ့ ကောလိပ်ဟာ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင် ကောလိပ် သွားတာလည်း နီးစပ်ရာသဘောမျိုးလည်း ရှိတယ်။ စရိတ်စကပေါ်မှာလည်း တည်ပါတယ်။ ဂျပ်ဆင် ကော်လိပ်ဟာ အမေရိကန်သာသနာပြုအဖွဲ့က ဖွင့်လှစ်ထားတဲ့ ကောလိပ်ဖြစ်လို့ အမေရိကန် သာသနာပြုကျောင်းမှာ ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေဟာ များသောအားဖြင့် ဂျပ်ဆင်ကောလိပ်ကို သွားကြပါတယ်။
(more…)


echo '';